Local

KBZ ဘဏ္မွ Yangon Water Bus တည္ေထာင္သူ ေဒၚတင့္တင့္လြင္ကို တရားစြဲဆိုထား

Yangon Water Bus တည္ေထာင္သူ တင့္တင့္ျမန္မာကုမၸဏီပိုင္ရွင္ ေဒၚတင့္တင့္လြင္ကို KBZ ဘဏ္က က်ပ္ ၇ ဘီလီယံရလိုမႈျဖင့္ တရားစြဲဆို အမႈဖြင့္ထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္သတင္း ျပန္ၾကားေရးအဖြဲ႕မွ သိရသည္။
အဆိုပါအမႈႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္က ေဒၚတင့္တင့္လြင္ကို ဆင့္ေခၚထားသည္ဟု သတင္းျပန္ၾကားေရးအဖြဲ႕ တာဝန္ရွိသူတဦးက ေျပာသည္။ ကေမာၻဇဘဏ္က ရန္ကုန္ Water Bus တည္ေထာင္သူ ေဒၚတင့္တင့္လြင္အား
ပိုင္ဆိုင္ထားေသာ စာခ်ဳပ္စာတမ္းမ်ား အပ္ႏွံ၍ ေပါင္ႏွံထားေသာပစၥည္းမ်ားကို ေရာင္းခ်ေပးေစလိုမႈ တရားမႀကီး အမွတ္ ၂၅/၂ဝ၂ဝ အရ က်ပ္သိန္းေပါင္း ေလးေသာင္းေျခာက္ေထာင္ငါးရာႏွစ္ဆယ္ေလး သိန္း တစ္ေသာင္းႏွစ္ေထာင့္ ငါးရာႏွစ္ဆယ့္တစ္က်ပ္၊

၅၅ ျပားရလိုမႈ၊ တရားမႀကီးအမွတ္ ၂၆/၂ဝ၂ဝ အရ က်ပ္သိန္းေပါင္း တေသာင္းသုံးေထာင့္သုံးရာသုံးဆယ့္ကိုးသိန္း၊ တေသာင္းရွစ္ေထာင့္ေလးရာႏွစ္ ဆယ္ခုနစ္က်ပ္ရလိုမႈ တရားမႀကီးအမွတ္ ၂၇/ ၂ဝ၂ဝ အရ က်ပ္သိန္းေပါင္းႏွစ္ေသာင္း၊ ရွစ္သိန္းေလးေထာင္ႏွစ္ရာ
ကိုးဆယ့္တစ္က်ပ္ႏွစ္ဆယ့္ေလးျပားရလိုမႈ စသည့္ တရားမႀကီးအမႈ ၃ မႈျဖင့္ အမႈဖြင့္ ထားျခင္းျဖစ္ေၾကာင္း သိရသည္။ ရန္ကုန္တိုင္းေဒသႀကီးအစိုးရက ခရီးသည္းမ်ားကို အေကာင္းဆုံးဝန္ေဆာင္မႈေပးႏိုင္ရန္အတြက္ ေရေၾကာင္းသယ္ယူ ပို႔ေဆာင္ေရးလုပ္ငန္းကို
တင္ဒါေခၚယူခဲ့ၿပီး တင္ဒါေလွ်ာက္ထားသူ ၃ဝ ဦးရွိသည့္ အနက္မွ ဆန္ခါတင္ကုမၸဏီ ၂ ခုကိုေ႐ြးခ်ယ္ကာ စြမ္းေဆာင္ရည္အမ်ားဆုံးႏွင့္ အေကာင္းဆုံးျဖစ္သည့္ တင့္တင့္ျမန္မာ ကုမၸဏီကို ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ဦးၿဖိဳးမင္းသိန္းက

Water Bus မိတ္ဆက္ပြဲ အခမ္းအနား တြင္ ေျပာဆိုခဲ့ဖူးသည္။ Yangon Water Bus ကို ၂ဝ၁၇ ခုႏွစ္ ေအာက္တိုဘာလတြင္ စတင္ေျပးဆြဲခဲ့ၿပီး ၂ဝ၁၉ ခုႏွစ္ စက္တင္ဘာ ၂၇ ရက္တြင္ ျပင္ဆင္စရာရွိသည့္ဟုဆိုကာ ေခတၱရပ္ဆိုင္းထားမည္ဟု Yangon Water Bus လူမႈကြန္ရက္မွ သတင္း ထုတ္ျပန္ထားသည္။ KBZ ကုမၸဏီက တရားစြဲဆိုထားသည့္ တရားမမႈႀကီးမ်ားႏွင့္ပတ္သက္ၿပီး ေဒၚတင့္တင့္လြင္အေနျဖင့္ လာေရာက္ေျဖရွင္းရန္ ဇူလိုင္ ၂၁ ရက္တြင္ သမၼန္စာထုတ္ၿပီးဆင့္ေခၚထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ သတင္းျပန္ၾကားေရးအဖြဲ႕ တာဝန္ရွိသူတဦးက ေျပာသည္။ ထို႔ျပင္ Petro & Trans Group ကုမၸဏီကလည္း စက္သုံးဆီေႂကြးက်ပ္သိန္း ရဝဝ က်ပ္ရလိုမႈျဖင့္ တင့္တင့္ျမန္မာကုမၸဏီကို ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္၌ တရားစြဲဆိုထားေၾကာင္း သိရသည္။

ယူနီကုဒ်ဖြင့်ဖတ်ရန်

Yangon Water Bus တည်ထောင်သူ တင့်တင့်မြန်မာကုမ္ပဏီပိုင်ရှင် ဒေါ်တင့်တင့်လွင်ကို KBZ ဘဏ်က ကျပ် ၇ ဘီလီယံရလိုမှုဖြင့် တရားစွဲဆို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သတင်း ပြန်ကြားရေးအဖွဲ့မှ သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဒေါ်တင့်တင့်လွင်ကို ဆင့်ခေါ်ထားသည်ဟု သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။ ကမ္ဘောဇဘဏ်က ရန်ကုန် Water Bus တည်ထောင်သူ ဒေါ်တင့်တင့်လွင်အား

ပိုင်ဆိုင်ထားသော စာချုပ်စာတမ်းများ အပ်နှံ၍ ပေါင်နှံထားသောပစ္စည်းများကို ရောင်းချပေးစေလိုမှု တရားမကြီး အမှတ် ၂၅/၂ဝ၂ဝ အရ ကျပ်သိန်းပေါင်း လေးသောင်းခြောက်ထောင်ငါးရာနှစ်ဆယ်လေး သိန်း တစ်သောင်းနှစ်ထောင့် ငါးရာနှစ်ဆယ့်တစ်ကျပ်၊

၅၅ ပြားရလိုမှု၊ တရားမကြီးအမှတ် ၂၆/၂ဝ၂ဝ အရ ကျပ်သိန်းပေါင်း တသောင်းသုံးထောင့်သုံးရာသုံးဆယ့်ကိုးသိန်း၊ တသောင်းရှစ်ထောင့်လေးရာနှစ် ဆယ်ခုနစ်ကျပ်ရလိုမှု တရားမကြီးအမှတ် ၂၇/ ၂ဝ၂ဝ အရ ကျပ်သိန်းပေါင်းနှစ်သောင်း၊ ရှစ်သိန်းလေးထောင်နှစ်ရာ ကိုးဆယ့်တစ်ကျပ်နှစ်ဆယ့်လေးပြားရလိုမှု စသည့် တရားမကြီးအမှု ၃ မှုဖြင့် အမှုဖွင့် ထားခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ခရီးသည်းများကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက် ရေကြောင်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါလျှောက်ထားသူ ၃ဝ ဦးရှိသည့် အနက်မှ ဆန်ခါတင်ကုမ္ပဏီ ၂ ခုကိုရွေးချယ်ကာ စွမ်းဆောင်ရည်အများဆုံးနှင့် အကောင်းဆုံးဖြစ်သည့် တင့်တင့်မြန်မာ ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက

Water Bus မိတ်ဆက်ပွဲ အခမ်းအနား တွင် ပြောဆိုခဲ့ဖူးသည်။ Yangon Water Bus ကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာလတွင် စတင်ပြေးဆွဲခဲ့ပြီး ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ပြင်ဆင်စရာရှိသည့်ဟုဆိုကာ ခေတ္တရပ်ဆိုင်းထားမည်ဟု Yangon Water Bus လူမှုကွန်ရက်မှ သတင်း ထုတ်ပြန်ထားသည်။ KBZ ကုမ္ပဏီက တရားစွဲဆိုထားသည့် တရားမမှုကြီးများနှင့်ပတ်သက်ပြီး ဒေါ်တင့်တင့်လွင်အနေဖြင့် လာရောက်ဖြေရှင်းရန် ဇူလိုင် ၂၁ ရက်တွင် သမ္မန်စာထုတ်ပြီးဆင့်ခေါ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။ ထို့ပြင် Petro & Trans Group ကုမ္ပဏီကလည်း စက်သုံးဆီကြွေးကျပ်သိန်း ရဝဝ ကျပ်ရလိုမှုဖြင့် တင့်တင့်မြန်မာကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားစွဲဆိုထားကြောင်း သိရသည်။

error:
Close