Local

႐ႊံ႕ေရနဲ႔ ကေလးေမြးေပးေနရတဲ့ ပူတာအိုေဆး႐ုံက ေမြးခန္းအေၾကာင္း ရင္ဖြင့္ခ်က္

ပူတာအိုေဆး႐ုံအား ပထမဆုံး စိတ္ပ်က္မိျခင္း – ေမြးခန္း ေရမလာပါ, ပထမဆုံးပုံက ေမြးတဲ့ကိရိယာ instruments ေတြ, ေမြးေပးတဲ့ ဆရာဝန္ေတြ ဆရာမေတြ လက္ေဆးရတဲ့ ေရကန္ပါ။

ေရသိုေလွာင္ထားတဲ့ ကန္ထဲက ႐ြံ႕ေရေတြပါ။ အဲ့တာကို ေတြ႕ေတြ႕ခ်င္း က်မ ေဆး႐ုံအုပ္ကို ဖုံးဆက္ၿပီး complaint တက္ပါတယ္။ က်မ စေရာက္တဲ့ေန႔ကတည္းက အားလုံးလိုက္ၾကည့္ၿပီး အခါခြင့္သင့္တုံးကလည္း တခါေျပာၿပီးပါပီ။
ခုဆက္တာ ညတခ်က္ပါ။ ဆရာေျပာလို႔ရလားရွင့္ လို႔ အရင္ေမးၿပီး သူဘက္က ရပါတယ္ဆိုမွ က်မ ဖုန္းေျပာတာပါ။ လူနာအတြက္ ဆရာဝန္က ၂၄ နာရီ အသင့္ရွိရမယ္လို႔ ယူဆပါတယ္။ ေတြ႕တဲ့ျပႆနာကို on the spot ေျဖရွင္းလိုက္တာဟာ အားလုံးအတြက္ အထိေရာက္ဆုံးပါ။

ဒါေပမယ့္ ေဆး႐ုံအုပ္ က်မဖုန္းကို ျပန္ေျပာလိုက္ပုံက ေခတ္အဆက္ဆက္ ဒါမ်ိဳးပဲလုပ္ေနၾကတာပဲ။ နင္က လာတာဘယ္ေလာက္ၾကာေသးလို႔လဲ ဘာေကာင္မို႔လဲ လူနာေတြအတြက္ ဘာမ်ားလုပ္ေပးႏိုင္ေသးလို႔လဲတဲ့။ က်မ တတ္ႏိုင္သေလာက္ လုပ္ေပးေနလို႔
ကိုယ့္ လိပ္ျပာလုံပါတယ္။ ေနာက္လည္းလုပ္ေပးမွာပါ။ က်မက ၿပီးၿပီးေရာလုပ္မယ့္လူ တစ္ႏွစ္ကုန္သြားၿပီးေရာ လုပ္မယ့္သူလို႔ ရွင္ထင္ရင္ မွားပါလိမ့္မယ္။ ၿပီးေတာ့ဟုတ္ပါပီ လာတာက်မထက္ၾကာေနတဲ့ ေဆး႐ုံအုပ္ကေကာ လူနာေတြအတြက္ လုပ္ေပးထားတာ ဒီေလာက္ပဲလား။

ေစတနာက ဒီေလာက္ပဲလား။ ကိုယ္ခ်င္းစာတရားေလး ထားေစခ်င္ပါတယ္။ ကိုယ္သာဆိုရင္ ကိုယ့္အမ်ိဳးသာဆိုရင္ ဒီလို ပစ္ဆုပ္ေဒဝ ညစ္တီးညစ္ပတ္ ေမြးခိုင္းခ်င္လား။ ဒုတိယတခ်က္က baby warmer ပါ။ အျဖစ္သာရွိတဲ့ ေလပူပန္ကာနဲ႔ ေမြးခန္းေရာ ခြဲခန္းမွာပါ သုံးေနရတာပါ။

အလႉရွင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ေတြ႕ၿပီး လႉသြားတာကို ေဆး႐ုံအုပ္ကို ျပန္အစီရင္ခံပါတယ္။ intend စာ႐ြက္နဲ႔ တင္ဆိုလို႔ တင္ပါတယ္။ ၿပီးေတာ့ တပါတ္တိတိ ရွိၿပီ ပစၥည္းခ်မေပးပါဘူး။ က်န္တဲ့ကိစၥေတြေတာ့ မေျပာခ်င္ေတာ့ပါဘူး။

မေျပာခ်င္တာက်မေၾကာက္လို႔ ၿငိမ္ခံေနမယ့္ လူမဟုတ္ဘူးဆိုတာသိထားပါ။ က်မလူနာနဲ႔ ပတ္သက္လာလို႔ကေတာ့ ဘယ္သူ႔ကိုမဆို ဘယ္အခ်ိန္မဆို threshold တခုေရာက္ရင္ သည္းခံမွာမဟုတ္ပါ ႀကိဳေျပာပါမယ္။ ဘယ္သူမွ ပို႔စ္ဖ်က္ဖို႔ လာမေျပာနဲ႔ မႀကိဳက္ရင္ မဖတ္ပါနဲ႔ေနာ္။

ယူနီကုဒ်ဖြင့်ဖတ်ရန်

ပူတာအိုဆေးရုံအား ပထမဆုံး စိတ်ပျက်မိခြင်း – မွေးခန်း ရေမလာပါ, ပထမဆုံးပုံက မွေးတဲ့ကိရိယာ instruments တွေ, မွေးပေးတဲ့ ဆရာဝန်တွေ ဆရာမတွေ လက်ဆေးရတဲ့ ရေကန်ပါ။

ရေသိုလှောင်ထားတဲ့ ကန်ထဲက ရွံ့ရေတွေပါ။ အဲ့တာကို တွေ့တွေ့ချင်း ကျမ ဆေးရုံအုပ်ကို ဖုံးဆက်ပြီး complaint တက်ပါတယ်။ ကျမ စရောက်တဲ့နေ့ကတည်းက အားလုံးလိုက်ကြည့်ပြီး အခါခွင့်သင့်တုံးကလည်း တခါပြောပြီးပါပီ။

ခုဆက်တာ ညတချက်ပါ။ ဆရာပြောလို့ရလားရှင့် လို့ အရင်မေးပြီး သူဘက်က ရပါတယ်ဆိုမှ ကျမ ဖုန်းပြောတာပါ။ လူနာအတွက် ဆရာဝန်က ၂၄ နာရီ အသင့်ရှိရမယ်လို့ ယူဆပါတယ်။ တွေ့တဲ့ပြဿနာကို on the spot ဖြေရှင်းလိုက်တာဟာ အားလုံးအတွက် အထိရောက်ဆုံးပါ။

ဒါပေမယ့် ဆေးရုံအုပ် ကျမဖုန်းကို ပြန်ပြောလိုက်ပုံက ခေတ်အဆက်ဆက် ဒါမျိုးပဲလုပ်နေကြတာပဲ။ နင်က လာတာဘယ်လောက်ကြာသေးလို့လဲ ဘာကောင်မို့လဲ လူနာတွေအတွက် ဘာများလုပ်ပေးနိုင်သေးလို့လဲတဲ့။ ကျမ တတ်နိုင်သလောက် လုပ်ပေးနေလို့ ကိုယ့် လိပ်ပြာလုံပါတယ်။ နောက်လည်းလုပ်ပေးမှာပါ။ ကျမက ပြီးပြီးရောလုပ်မယ့်လူ တစ်နှစ်ကုန်သွားပြီးရော လုပ်မယ့်သူလို့ ရှင်ထင်ရင် မှားပါလိမ့်မယ်။ ပြီးတော့ဟုတ်ပါပီ လာတာကျမထက်ကြာနေတဲ့ ဆေးရုံအုပ်ကကော လူနာတွေအတွက် လုပ်ပေးထားတာ ဒီလောက်ပဲလား။

စေတနာက ဒီလောက်ပဲလား။ ကိုယ်ချင်းစာတရားလေး ထားစေချင်ပါတယ်။ ကိုယ်သာဆိုရင် ကိုယ့်အမျိုးသာဆိုရင် ဒီလို ပစ်ဆုပ်ဒေဝ ညစ်တီးညစ်ပတ် မွေးခိုင်းချင်လား။ ဒုတိယတချက်က baby warmer ပါ။ အဖြစ်သာရှိတဲ့ လေပူပန်ကာနဲ့ မွေးခန်းရော ခွဲခန်းမှာပါ သုံးနေရတာပါ။

အလှူရှင်နဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး လှူသွားတာကို ဆေးရုံအုပ်ကို ပြန်အစီရင်ခံပါတယ်။ intend စာရွက်နဲ့ တင်ဆိုလို့ တင်ပါတယ်။ ပြီးတော့ တပါတ်တိတိ ရှိပြီ ပစ္စည်းချမပေးပါဘူး။ ကျန်တဲ့ကိစ္စတွေတော့ မပြောချင်တော့ပါဘူး။ မပြောချင်တာကျမကြောက်လို့ ငြိမ်ခံနေမယ့် လူမဟုတ်ဘူးဆိုတာသိထားပါ။ ကျမလူနာနဲ့ ပတ်သက်လာလို့ကတော့ ဘယ်သူ့ကိုမဆို ဘယ်အချိန်မဆို threshold တခုရောက်ရင် သည်းခံမှာမဟုတ်ပါ ကြိုပြောပါမယ်။ ဘယ်သူမှ ပို့စ်ဖျက်ဖို့ လာမပြောနဲ့ မကြိုက်ရင် မဖတ်ပါနဲ့နော်။

error:
Close