Knowledge

ေျမႀကီးကို စားစရာအျဖစ္ေရာင္းတယ္ စားရတယ္ဆိုတာ မသိတာ က်ေနာ္ တစ္ေယာက္တည္းလား

ေျမႀကီးကို စားစရာအျဖစ္ေရာင္းတယ္ စားရတယ္ဆိုတာ မသိတာ က်ေနာ္ တစ္ေယာက္တည္းလား
ေရွးေခတ္ ျဗဟၼာႀကီးေတြ ေျမသင္းစား လို႔ ထူးဆန္းတဲ့ အခ်စ္ျဖစ္ေပၚခဲ့ သတဲ့ (မင္းေအာင္ သီခ်င္းထဲၾကားဖူးခဲ့တာ)

တစ္ကယ္ ေျမႀကီးကို စားစရာ အျဖစ္ေရာင္းမွန္း ခုမွသိတယ္တစ္သက္နဲ႔ တစ္ကိုယ္ အခုမွ ျမင္ဖူးၾကားဖူးတာပါမိတ္ေဆြတို႔ေရာ ဗဟုသုတ အေနနဲ႔ မွ်ေဝပါရေစ… ။

ေအာင္ပန္းေဈး ေန႔တိုင္း ေျမႀကီးခဲ လာေရာင္းတဲ့ မို႔အို။

စားလို႔ရတဲ့ ေျမခဲေလးေတြပါေျမခဲတိုင္း စားလို႔မရပါဘူး ပအိုဝ္းလူမ်ိဳးအေခၚအေဝၚက *ဟမ္းေတာ့*လို႔ေခၚတယ္ ။ေျမႀကီးေတာ့ဟုတ္တယ္ ၊ ႐ိုး႐ိုးေျမႀကီး ေတာ့ မဟုတ္ပါဖူး ။

လြယ္လြယ္နဲ႔ ရွာလို႔မရပါဘူးဒီစားလို႔ရတဲ့ ေျမႀကီးေတြက ေနရာသက္သက္ ရွိပါတယ္ မ်ားေသာအားျဖင့္ အဖိုးအဖြား ေတြႀကိဳက္ၾကတယ္ အစာေျပေပါ့ ထမင္းစားၿပီးရင္ စားၾကတာမ်ားတယ္ တခ်ိဳ႕ၾက စားတာ စြဲသြားရင္ မစားဘဲ မေနႏိုင္ျဖစ္သြားပါတယ္…

ႏို႔ဆီဘူးတဘူး ငါးရာပါ အရသာက စိမ့္ပါတယ္ ထုံးဓါတ္ အနဲငယ္ပါပါတယ္ အနဲငယ္ စပ္ပါတယ္ ရွမ္းလို လိန္ဟြမ္း လို႔ေခၚတယ္ ဗမာလို ေျမႀကီးေမြး လို႔အဓိပၸါယ္ရတယ္ရွမ္းျပည္ေတာင္ပိုင္းမွာဆို ဗအို႔လူမ်ိဳးေတြ အစားမ်ားတယ္ ။

ထူးထူးဆန္းဆန္း ေလးမို႔ မိတ္ေဆြတို႔ အတြက္ မွ်ေဝေပးလိုက္တာပါ ။

Credit – ဘႀကီးစိုး

Unicode

မြေကြီးကို စားစရာအဖြစ်ရောင်းတယ် စားရတယ်ဆိုတာ မသိတာ ကျနော် တစ်ယောက်တည်းလား
ရှေးခေတ် ဗြဟ္မာကြီးတွေ မြေသင်းစား လို့ ထူးဆန်းတဲ့ အချစ်ဖြစ်ပေါ်ခဲ့ သတဲ့ (မင်းအောင် သီချင်းထဲကြားဖူးခဲ့တာ)

တစ်ကယ် မြေကြီးကို စားစရာ အဖြစ်ရောင်းမှန်း ခုမှသိတယ်တစ်သက်နဲ့ တစ်ကိုယ် အခုမှ မြင်ဖူးကြားဖူးတာပါမိတ်ဆွေတို့ရော ဗဟုသုတ အနေနဲ့ မျှဝေပါရစေ… ။

အောင်ပန်းဈေး နေ့တိုင်း မြေကြီးခဲ လာရောင်းတဲ့ မို့အို။

စားလို့ရတဲ့ မြေခဲလေးတွေပါမြေခဲတိုင်း စားလို့မရပါဘူး ပအိုဝ်းလူမျိုးအခေါ်အဝေါ်က *ဟမ်းတော့*လို့ခေါ်တယ် ။မြေကြီးတော့ဟုတ်တယ် ၊ ရိုးရိုးမြေကြီး တော့ မဟုတ်ပါဖူး ။

လွယ်လွယ်နဲ့ ရှာလို့မရပါဘူးဒီစားလို့ရတဲ့ မြေကြီးတွေက နေရာသက်သက် ရှိပါတယ် များသောအားဖြင့် အဖိုးအဖွား တွေကြိုက်ကြတယ် အစာပြေပေါ့ ထမင်းစားပြီးရင် စားကြတာများတယ် တချို့ကြ စားတာ စွဲသွားရင် မစားဘဲ မနေနိုင်ဖြစ်သွားပါတယ်…

နို့ဆီဘူးတဘူး ငါးရာပါ အရသာက စိမ့်ပါတယ် ထုံးဓါတ် အနဲငယ်ပါပါတယ် အနဲငယ် စပ်ပါတယ် ရှမ်းလို လိန်ဟွမ်း လို့ခေါ်တယ် ဗမာလို မြေကြီးမွေး လို့အဓိပ္ပါယ်ရတယ်ရှမ်းပြည်တောင်ပိုင်းမှာဆို ဗအို့လူမျိုးတွေ အစားများတယ် ။

ထူးထူးဆန်းဆန်း လေးမို့ မိတ်ဆွေတို့ အတွက် မျှဝေပေးလိုက်တာပါ ။

Credit – ဘႀကီးစိုး

Close