Health

က်န္းမာေရးဝန္ထမ္းမ်ားကို လစာျပင္ပ ေထာက္ပံ့ေငြ ငါးေသာင္းခ်ီးျမႇင့္မည္

က်န္းမာေရးဝန္ထမ္းမ်ားကို လစာျပင္ပ ေထာက္ပံ့ေငြ ငါးေသာင္းခ်ီးျမႇင့္မည္


က်န္းမာေရးဝန္ထမ္းမ်ားကို လက္ရွိလစာအျပင္ ႏိုင္ငံေတာ္က ေထာက္ပံ့ေငြ က်ပ္ငါးေသာင္း ေထာက္ပံ့မည္ျဖစ္ေၾကာင္း ေမလ ၂၂ ရက္တြင္ က်င္းပေသာ ျပည္ေထာင္စုလႊတ္ေတာ္တြင္ က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားသည္။

“ျမန္မာႏိုင္ငံမွာလည္း Covid 19 ကာကြယ္ေရးမွာ ေရွ႕တန္းက်က်ေဆာင္႐ြက္ေနတဲ့ ကြၽန္ေတာ္တို႔ရဲ႕ က်န္းမာေရးဝန္ထမ္းေတြအတြက္ လိုအပ္တဲ့ ခ်ီးျမႇင့္မႈေတြနဲ႔ အေထာက္အပံ့အစီအစဥ္မ်ားလည္း လုပ္ေဆာင္သင့္ေၾကာင္း”ဗိုလ္မႉးေဇၿဖိဳး၏ ေမလ ၂၁ ရက္က က်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ထည့္သြင္းေဆြးေႏြးခ်က္အေပၚ ေမလ ၂၂ ရက္က က်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ဝန္ႀကီးက အထက္ပါအတိုင္း ျပန္လည္ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ေနာက္ ဗိုလ္မႉးေဇာ္ၿဖိဳးက ဘာေျပာလဲဆိုရင္ ခ်ီးျမႇင့္ေငြ။ ကြၽန္ေတာ္တို႔ လုပ္ေနပါတယ္။ Risk ယူတဲ့ က်န္းမာေရးဝန္ထမ္းေတြကို တစ္လကို ငါးေသာင္းႏႈန္းနဲ႔ အစိုးရအေနနဲ႔ ၂.၅ ဘီလီယံ ခ်ထားေပးတာလည္း စၿပီးေတာ့ ေပးေနျခင္းျဖစ္ပါတယ္”ဟု ျပည္ေထာင္စုဝန္ႀကီးေဒါက္တာျမင့္ေထြးက ဆိုသည္။

အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(ရန္ကုန္)တြင္ တစ္ေန႔လွ်င္ လူဦးေရ ၇၅၀ ခန္႔ႏွင့္ ေဆးသုေတသန ဦးစီးဌာနတြင္ တစ္ေန႔လွ်င္ လူဦးေရ ၃၇၀ ကိုသာ စစ္ေဆးေပးႏိုင္ၿပီး ကိုဗစ္စစ္သည့္ စက္ရွိေသာ္လည္း ဝန္ထမ္းအင္အားမလုံေလာက္ေသာေၾကာင့္ အခက္အခဲရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ကဆိုသည္။

က်န္းမာေရးဝန္ထမ္းမ်ားသည္ ကပ္ေရာဂါကာလအတြင္း ဝန္ထမ္းအင္အားမလုံေလာက္ဘဲ တာဝန္ထမ္းေဆာင္ေနရသည္ျဖစ္ရာ ေျခကုန္လက္ပန္းခ်လ်က္ရွိေၾကာင္း ဝန္ႀကီးကဆိုသည္။

ထို႔အျပင္ ႏိုင္ငံျခားေခ်းေငြမ်ားႏွင့္ ျပည္သူ႔ဘ႑ာေငြမ်ားကို တစ္ေဒၚလာမွ် အေလအလြင့္မျဖစ္ေစရန္ စီမံသြားမည္ေၾကာင္း ဝန္ႀကီးကဆိုသည္။

ကိုဗစ္ကာလအတြင္း ကပ္ေရာဂါကို စြမ္းစြမ္းတမံ ကာကြယ္တိုက္ထုတ္ေနေသာ ျပည္သူ႔က်န္းမာေရးဝန္ထမ္းမ်ား၏ စြမ္းေဆာင္ရည္ႏွင့္ပတ္သက္၍ ျပည္သူမ်ားက ဝိုင္းဝန္းအားေပးမႈမ်ားရွိၿပီး လက္ခုပ္တီး၍ ဂုဏ္ျပဳသည့္အစီအစဥ္မ်ားကိုလည္း လုပ္ေဆာင္ခဲ့ၾကေသးသည္။

Photo.. Pyidaungsu Hluttaw

Credit

Unicode

ကျန်းမာရေးဝန်ထမ်းများကို လစာပြင်ပ ထောက်ပံ့ငွေ ငါးသောင်းချီးမြှင့်မည်
ကျန်းမာရေးဝန်ထမ်းများကို လက်ရှိလစာအပြင် နိုင်ငံတော်က ထောက်ပံ့ငွေ ကျပ်ငါးသောင်း ထောက်ပံ့မည်ဖြစ်ကြောင်း မေလ ၂၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“မြန်မာနိုင်ငံမှာလည်း Covid 19 ကာကွယ်ရေးမှာ ရှေ့တန်းကျကျဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ချီးမြှင့်မှုတွေနဲ့ အထောက်အပံ့အစီအစဉ်များလည်း လုပ်ဆောင်သင့်ကြောင်း”ဗိုလ်မှူးဇေဖြိုး၏ မေလ ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းဆွေးနွေးချက်အပေါ် မေလ ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နောက် ဗိုလ်မှူးဇော်ဖြိုးက ဘာပြောလဲဆိုရင် ချီးမြှင့်ငွေ။ ကျွန်တော်တို့ လုပ်နေပါတယ်။ Risk ယူတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တစ်လကို ငါးသောင်းနှုန်းနဲ့ အစိုးရအနေနဲ့ ၂.၅ ဘီလီယံ ချထားပေးတာလည်း စပြီးတော့ ပေးနေခြင်းဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ဆိုသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)တွင် တစ်နေ့လျှင် လူဦးရေ ၇၅၀ ခန့်နှင့် ဆေးသုတေသန ဦးစီးဌာနတွင် တစ်နေ့လျှင် လူဦးရေ ၃၇၀ ကိုသာ စစ်ဆေးပေးနိုင်ပြီး ကိုဗစ်စစ်သည့် စက်ရှိသော်လည်း ဝန်ထမ်းအင်အားမလုံလောက်သောကြောင့် အခက်အခဲရှိကြောင်း ပြည်ထောင်စုဝန်ကြီး ကဆိုသည်။

ကျန်းမာရေးဝန်ထမ်းများသည် ကပ်ရောဂါကာလအတွင်း ဝန်ထမ်းအင်အားမလုံလောက်ဘဲ တာဝန်ထမ်းဆောင်နေရသည်ဖြစ်ရာ ခြေကုန်လက်ပန်းချလျက်ရှိကြောင်း ဝန်ကြီးကဆိုသည်။

ထို့အပြင် နိုင်ငံခြားချေးငွေများနှင့် ပြည်သူ့ဘဏ္ဍာငွေများကို တစ်ဒေါ်လာမျှ အလေအလွင့်မဖြစ်စေရန် စီမံသွားမည်ကြောင်း ဝန်ကြီးကဆိုသည်။

ကိုဗစ်ကာလအတွင်း ကပ်ရောဂါကို စွမ်းစွမ်းတမံ ကာကွယ်တိုက်ထုတ်နေသော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ပြည်သူများက ဝိုင်းဝန်းအားပေးမှုများရှိပြီး လက်ခုပ်တီး၍ ဂုဏ်ပြုသည့်အစီအစဉ်များကိုလည်း လုပ်ဆောင်ခဲ့ကြသေးသည်။

Photo.. Pyidaungsu Hluttaw

Credit

Close