Crime

ေနအိမ္မွ ဆင္းသြားသည့္ မိခင္ကို လိုက္လံေခၚယူရာမွ လူသတ္ခံရ

ေနအိမ္မွ ဆင္းသြားသည့္ မိခင္ကို လိုက္လံေခၚယူရာမွ လူသတ္ခံရ

ျမဝတီၿမိဳ႕နယ္တြင္ ေနအိမ္မွ ဆင္းသြားသည့္ မိခင္ကို လိုက္လံေခၚယူရာမွ လူသတ္မႈျဖစ္ပြားခဲ့ရာ သက္ဆိုင္ရာက အမႈဖြင့္အေရးယူထားေၾကာင္း ယေန႔ ေမ ၂၀ ရက္တြင္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ေမ ၁၉ ရက္ည ၁၀ နာရီခန႔္တြင္ ျမဝတီၿမိဳ႕ ခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီး၌ ဓားထိုးခံရသူတစ္ဦးေရာက္ေနေၾကာင္း သတင္းအရ ျမဝတီၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးေအာင္ေက်ာ္ဦးႏွင့္အဖြဲ႕က သြားေရာက္စစ္ေဆးခဲ့သည္။

 


ဓားထိုးခံရသူမွာ ျမဝတီၿမိဳ႕ အမွတ္(၃)ရပ္ကြက္၊ ကရင္စာေပ(၅)လမ္းေန ဦးၫြန႔္ဝင္း ၅၃ ႏွစ္ျဖစ္ၿပီး ဦးေခါင္း(ဝဲဘက္) ျပတ္ရွ၊ ဝမ္းဗိုက္ထိုးသြင္း၊ ဝဲဘက္ရင္အုံထိုးသြင္း ၊ဝဲဘက္မ်က္ခုံးေပါက္ၿပဲ၊

ဝဲဘက္လက္မကြဲဒဏ္ရာမ်ားရရွိကာ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သက္ဆိုင္ရာက စစ္ေဆးေပၚေပါက္ခဲ့သည္။

ျဖစ္စဥ္မွာ ဦးၫြန႔္ဝင္း၏မိခင္ ေဒၚတင္ျမင့္သည္ လြန္ခဲ့ေသာ ၃ ရက္ခန႔္က ဦးၫြန႔္ဝင္း၏ေနအိမ္မွဆင္းသြားကာ ဦးၫြန႔္ဝင္း၏သမီး(၎၏ေျမးျဖစ္သူ)ေနအိမ္သို႔

သြားေရာက္ေနထိုင္ေနခဲ့သည္။ထို႔ေၾကာင့္ ေမ ၁၉ ရက္ ညေန ၆ နာရီခန႔္တြင္ ဦးၫြန႔္ဝင္းက ၎၏မိခင္ျဖစ္သူေဒၚတင္ျမင့္ကို

လိုက္လံေခၚယူခဲ့သည္။ထိုသို႔လိုက္လံေခၚယူစဥ္ ဦးၫြန႔္ဝင္းက ၎၏သမက္ျဖစ္သူ ဟိန္းထက္ေအာင္ ၂၁ ႏွစ္ႏွင့္ စကားမ်ားရန္ျဖစ္ခဲ့သည္။

ယင္းသို႔ စကားမ်ားရန္ျဖစ္ၿပီးေနာက္ သမက္ျဖစ္သူဟိန္းထက္ေအာင္ကို ရပ္ကြက္႐ုံးသို႔ တိုင္ၾကားမည္ဟု ဦးၫြန႔္ဝင္းကေျပာဆိုကာ အဆိုပါေနအိမ္မွ ထြက္သြားခဲ့သည္။

ခဏအၾကာတြင္ ဟိန္းထက္ေအာင္က ဦးၫြန႔္ဝင္းကို ဓားႏွင့္ထိုးသြားသျဖင့္ ဦးၫြန႔္ဝင္းမွာ လမ္းေပၚ၌

ဒဏ္ရာမ်ားႏွင့္လဲက်ေန၍ ဦးၫြန႔္ဝင္း၏ သားျဖစ္သူ ေအာင္တင္ေထြးက ရဲစခန္းသို႔ အမႈဖြင့္တိုင္ၾကားခဲ့သည္။

သက္ဆိုင္ရာက ဟိန္းထက္ေအာင္ကို ဖမ္းဆီးကာ အခင္းျဖစ္စဥ္က အသုံးျပဳခဲ့သည့္ အ႐ိုးအသြား ၁၀ လက္မခန႔္

စတီး႐ိုးတပ္ဓားကိုသိမ္းဆည္းၿပီး ျမဝတီၿမိဳ႕မရဲစခန္းက(ပ)၃၉၇/ ၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ အရ အမႈဖြင့္အေရးယူထားသည္။

Source: Myanmar Times

Unicode

နေအိမ်မှ ဆင်းသွားသည့် မိခင်ကို လိုက်လံခေါ်ယူရာမှ လူသတ်မှုဖြစ်ပွား

မြဝတီမြို့နယ်တွင် နေအိမ်မှ ဆင်းသွားသည့် မိခင်ကို လိုက်လံခေါ်ယူရာမှ လူသတ်မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း ယနေ့ မေ ၂၀ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

မေ ၁၉ ရက်ည ၁၀ နာရီခန့်တွင် မြဝတီမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဓားထိုးခံရသူတစ်ဦးရောက်နေကြောင်း သတင်းအရ မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်ဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ဓားထိုးခံရသူမှာ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်၊ ကရင်စာပေ(၅)လမ်းနေ ဦးညွန့်ဝင်း ၅၃ နှစ်ဖြစ်ပြီး ဦးခေါင်း(ဝဲဘက်) ပြတ်ရှ၊ ဝမ်းဗိုက်ထိုးသွင်း၊ ဝဲဘက်ရင်အုံထိုးသွင်း ၊ဝဲဘက်မျက်ခုံးပေါက်ပြဲ၊

ဝဲဘက်လက်မကွဲဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်မှာ ဦးညွန့်ဝင်း၏မိခင် ဒေါ်တင်မြင့်သည် လွန်ခဲ့သော ၃ ရက်ခန့်က ဦးညွန့်ဝင်း၏နေအိမ်မှဆင်းသွားကာ ဦးညွန့်ဝင်း၏သမီး(၎င်း၏မြေးဖြစ်သူ)နေအိမ်သို့

သွားရောက်နေထိုင်နေခဲ့သည်။ထို့ကြောင့် မေ ၁၉ ရက် ညနေ ၆ နာရီခန့်တွင် ဦးညွန့်ဝင်းက ၎င်း၏မိခင်ဖြစ်သူဒေါ်တင်မြင့်ကို

လိုက်လံခေါ်ယူခဲ့သည်။ထိုသို့လိုက်လံခေါ်ယူစဉ် ဦးညွန့်ဝင်းက ၎င်း၏သမက်ဖြစ်သူ ဟိန်းထက်အောင် ၂၁ နှစ်နှင့် စကားများရန်ဖြစ်ခဲ့သည်။

ယင်းသို့ စကားများရန်ဖြစ်ပြီးနောက် သမက်ဖြစ်သူဟိန်းထက်အောင်ကို ရပ်ကွက်ရုံးသို့ တိုင်ကြားမည်ဟု ဦးညွန့်ဝင်းကပြောဆိုကာ အဆိုပါနေအိမ်မှ ထွက်သွားခဲ့သည်။

ခဏအကြာတွင် ဟိန်းထက်အောင်က ဦးညွန့်ဝင်းကို ဓားနှင့်ထိုးသွားသဖြင့် ဦးညွန့်ဝင်းမှာ လမ်းပေါ်၌

ဒဏ်ရာများနှင့်လဲကျနေ၍ ဦးညွန့်ဝင်း၏ သားဖြစ်သူ အောင်တင်ထွေးက ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။

သက်ဆိုင်ရာက ဟိန်းထက်အောင်ကို ဖမ်းဆီးကာ အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် အရိုးအသွား ၁၀ လက်မခန့်

စတီးရိုးတပ်ဓားကိုသိမ်းဆည်းပြီး မြဝတီမြို့မရဲစခန်းက(ပ)၃၉၇/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။

Source: Myanmar Times

Close