Food

သရေကျစေမည့် ငါးသံပုရာပေါင်း လုပ်နည်း လုပ်စားကြည့်နော်

သရေကျစေမည့် ငါးသံပုရာပေါင်း လုပ်နည်း လုပ်စားကြည့်နော်

ငါးသံပုရာပေါင်း ကို အမျိုးမျိုးလုပ်စားတဲ့နည်းထဲကမှ ဒါကနည်းတမျိုးပါ။ လုပ်နည်းကတော့ လွယ်ကူပါတယ်။ လုပ်စားကြည့်နော်။

အခြားနည်းေ တွနဲ့လဲ အရမ်းတော့ သိပ်မကွာပါဘူး။ ဒါပေမယ့် ပိုလွယ်လို့.. လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ

၁။ ကကတစ်ငါး (သို့) စလားဗီးယားငါး ၁ ကောင်

၂။ ကြက်သွန်ဖြူ ၃ မွှာ

၃။ ငရုတ်သီးစိမ်း ၃ တောင့်

၎။ ကြက်သွန်မြိတ် ၂ ပင်

၅။ နံနံပင် ၅ ပင်

၆။ ဂျင်း လက်တဆစ်

၇။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ခွဲ

၈။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ဝကျ

၉။ ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း

၁၀။ သံပုရာသီး ၁ ခြမ်း

၁၁။ ရေ ၁ ခွက်

( ၁ ခွက် = 240ml = ရိုးရိုးကျောဖီခှကျ ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ ငါးကို သန့်စင်ထားပါ။ ဂျင်းကို ထောင်းထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ငရုတ်သီးကို အသေးလေးတွေလှီးထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို နှုတ်နှုတ်ဆင်းထားပါ။

၂။ သန့်စင်ထားသော ငါးပေါ်ကို ထောင်းထားသော ဂျင်းမှအရည်များညှစ်ချပါ။ ပြီးလျှင် မိနစ် ၂၀ ခန့်ပေါင်းပါ။ ပေါင်းပြီး ငါးမှထွက်လာသော အရည်များကို သွန်ပစ်ပါ။ (အညှီနံ့များပါသွားပါလိမ့်မည်။)

၃။ ပေါင်းထားသော ငါးပေါ်ကို ကြက်သွန်မြိတ်နှင့် နံနံပင်များ အုပ်ထားပါ။

၎။ ဒယ်အိုးတခုထဲတွင် ရေထညျ့၊ ကြက်သားမှုန့် ၊ သကြား(သို့) အချိုမှုန့်၊ ပဲငံပြာရည် တို့ကို ထည့်ရ်ျ ဆူလာအောင်တည်ပါ။ ဆူလာလျှင် ကြက်သွန်ဖြူ နှင့် ငရုတ်သီးကို ထညျ့၇ျြ ငရုတ်သီး

အနံ့မွှေးလာသည်အထိတည်ပါ။ ငရုတ်သီး အနံ့မွှေးလာလျှင် မီးဖိုကို ပိတ်ရ်ျ သံပုရာရည်ကို ညှစ်ထည့်ပါ။ (ချဉ်မချဉ်ကြည့်ပြီး သံပုရာရည်လိုသလောက်ထပ်ထည့်ပါ။)

၅။ ပြုလုပ်ထားသော အရည်ကို ပေါင်းထားသော ငါးပေါ်ကို ဆမ်းပါ။

၆။ အ၇သာရှိရှိ ငါးသံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီ။

Credit to Khin Lay

Close