သင့်လက်က ပြောတဲ့သင့် အကြောင်းက ဘာတွေလဲ… ဝင်ဖတ်ကြည့်လိုက်








Unicode

သင့်လက်က ပြောတဲ့သင့်အကြောင်း…ဝင်ဖတ် ကြည့်လိုက် … ကိုယ့်ရဲ့ လက်ကလေးကို ကြည့်ပြီး ကိုယ်က ဘယ်လို လူမျိုးဖြစ်တယ် ဆိုတာ ကြည့်လိုက်ကြရအောင်ဗျာ..

(A)လက်သည်းကြွယ်ကလက်ညှိုးထက်ရှည်လျှင်၊သင်ဟာ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်ပေါများသောသူ

အမြဲတမ်းသင့်ရဲ့ပတ်ဝန်းကျင်မှာသူငယ်ချင်း ၊မိတ်ဆွေအပေါင်းအသင်းများရှိပြီးလူချစ်လူခင်ပေါများပါလိမ့်မယ်။ ဒါပေမဲ့တခါတလေအရိပ်အခြေကိုမကြည့်တတ်လို့အဆူခံရတတ်ပင်မဲ့လည်းသင်ကတော့ရည်ရွယ်ပြီးလုပ်တဲ့ကိစ္စတော့မဟုတ်ပါ။ ပြသာနာကို ဖြေရှင်းရာတွင် ကျွမ်းကျင်ပြီး အင်ဂျင်နီယာ၊ ပညာရှင်တွေ ဖြစ်ပါလိမ့်မယ်။

(B)လက်ခလယ်ပြီးလျှင်ဒုတိယအရှည်ဆုံးကလက်ညှိုးဖြစ်သောသူဟာ၊အမြဲတမ်းယုံကြည်မှုအပြည့်ရှိပြီးလူအများ၏အားကိုးလေးစားခြင်းကိုခံရသူ

အမြဲတမ်းမိမိကိုယ်ကိုယုံကြည်မှု အပြည့်ရှိပြီးဘာအလုပ်မဆို နောက်လှည့်ကြည့်စရာမလိုအားလုံးကိုပြီးမြောက်အောင်မြင်အောင်လုပ်ပေးသူ အများနဲ့ပူးပေါင်းဆောင်ရွက်တာထက် တစ်ယောက်တည်းလုပ်ရတာကို သဘောကျသူ။ အလုပ်တွင် အာရုံစိုက်နေချိန်မှာ အနှောက်အယှက်ပေးလျှင် အလွန် စိတ်ဆိုးတတ်သူ။ သူရဲ့လုပ်ကိုင်ပုံအတိုင်း ခွင့်ပြုပေးထားလျှင် အားလုံး အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။ လက်ရှိအခြေအနေအပေါ်မှာ ကျေနပ်ခြင်းမရှိပဲ ဒီထက်ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ရှိသူ။

(C) လက်သည်းကြွယ်နဲ့လက်ညှိုးကအရွယ်တူနေလျှင်၊ပြသာနာ ကိုမေ့ထားပြီးငြိမ်းချမ်ရေးကိုအလေးထားသူ

လူအများကို တည့်အောင်ပေါင်းနိုင်ပြီး ရန်ဖြစ်ခြင်းကို မုန်းသောသူ။ တတ်နိုင်ရင် အေးအေးဆေးဆေးပဲနေချင်တယ်။ ဒါပင်မဲ့ သူစိတ်တိုရင်တော့ ကြောက်စရာကောင်းတာကြောင့် သတိထားပါ။