တနင်္ဂနွေအုန်း (၆) ညွန့်သို့အုန်းပန်း(၆)ခက်တနလာက့င်္ံကော်(၁၅) ညွန့်/ပွင့်အင်္ဂါဇော်စိမ်း သို့ စံပယ်(၈)ပွင့်/ ညွန့်ဗုဒ္ဓဟူးရွက်လှ (၁၇) ညွန့် သို့ ရွှေပန်း (၁၇) ပွင့်ကြာသပတေးမေမြို့(၁၉)ပွင့်သောကြာသပြေ(၂၁) ညွန့်
Unicode
အိမ်ထောင်ရေးအချစ်ရေးသာယာစေမည့်အဆောင်ယတြာ တစ်ချို့ လူတွေ အချစ်ရေး အိမ်ထောင်ရေးကြောင့် စိတ်ဆင်းရဲနေကြရတယ်။ ယောက်ျား ကောင်းရင်မိန်းမကမကောင်းဘူးမိန်းမက ကောင်းပြန်တော့ ယောက်ျားကမကောင်းပြန်ဘူး
အဲ့ဒီလို အိမ်ထောင်ရေး အဆင်မပြေမှုတွေ သာယာစိုပြေမှု ကင်းဝေးနေတာတွေ အတွက် စိတ်ညစ်စရာတွေပျောက်ပြီး သုခချမ်းသာ ဖြစ်စေဖို့ (၇) ရက် သားသမီးများလုပ်နိုင်တဲ့ ယတြာ ကောင်းတစ်ခုကို တင်ပြလိုက်ပါတယ်။
၁။ဘုရားသောက်တော်ရေခွက်အောက်မှာ မိမိချစ်သူ (သို့မဟုတ်) အမျိုးသားရဲ့ ဓာတ်ပုံ ကို ကပ်ထားပါ။၂။ငန်းအဖြူ ဖိုမ နှစ်ကောင်ပုံ အိမ်မှာကပ်ထားပါ။၃။နှစ်ယောက်ဓာတ်ပုံကို မျက်နှာခြင်းဆိုင်ကပ်ပြီး ဓာတ်ဘူးထဲမှာထည့်ထားပါ။
၄။နားကပ်ကို ရေစိမ်ပြီး တိုက်ပါ။၅။ခြေရာမြေမှုန့် ကိုယူပြီး နေကြာပင် စိုက်ပါ။ ၆။ကျောက်စလစ်ခဲ ကို ဂုဏ်တော်ကိုးပါးရွတ်ပြီး ခေါင်းအုံးထဲမှာထည့်ထားပေးပါ။
၇။နှစ်ယောက်နေ့နံပန်း ကို ပေါင်းပြီး နှီးနဲချည်ပြီးအိမ်ဘုရားမှာမကြာခဏလှူပေးပါသူ့ရဲ့နေ့နံပန်းပွင့်ကို ရေခွက်ထဲမှာ ထည့်ပြီးဘုရားမှာ မကြာခဏလှူပေးပါ။
တနင်္ဂနွေအုန်း (၆) ညွန့်သို့အုန်းပန်း(၆)ခက်တနလာၤကံ့ကော်(၁၅) ညွန့်/ပွင့်အင်္ဂါဇော်စိမ်း သို့ စံပယ်(၈)ပွင့်/ ညွန့်ဗုဒ္ဓဟူးရွက်လှ (၁၇) ညွန့် သို့ ရွှေပန်း (၁၇) ပွင့်ကြာသပတေးမေမြို့(၁၉)ပွင့်သောကြာသပြေ(၂၁) ညွန့်
သို့ သစ္စာပန်း(၂၁) ပွင့်စနေနှင်းဆီ (၁၀)ပွင့်။ အဲ့သလို လုပ်ရုံနဲ့ မိမိရဲ့ အချစ်ရေး အိမ်ထောင်ရေးမှ တဖြည်းဖြည်း သာယာစိုပြေလာပြီး အကောင်းဘက် ကို ရောက်လာ ပါလိမ့်မည်။ ယုံယုံကြည်ကြည် နှင့် လုပ်ပါ
တစ်ဆင့်စီ စနစ်တကျ လုပ်ပါ။ အချစ်ရေး အိမ်ထောင်ရေး အတွက် အကောင်းဆုံး ယတြာ ဖြစ်ပါတယ်။
ဆရာသာထက်ဆန်းကျိုက်ဝိုင်းဘုရား၊၀၉၇၆၂၉၉၂၃၃၅